“ကော့မှူးမြို့နယ်၌သင်္ကြန်အလွန်ဧပြီလကုန်ပိုင်းအတွင်းဖြစ်ပေါ်သောအခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေစာရင်းကောက်ယူ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားသုံးသူပြည်သူများ နေ့စဉ် ဝယ်ယူစားသောက်လျက်ရှိသော အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းအား ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းကို ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များတွင် အခြေခံစားကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချ ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူခဲ့ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာမြို့မဈေး တာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်သာယာမြို့မဈေး တဖက်ခြမ်း အမှတ်(၂၂၆) ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးကိုလေး ဆန်နှင့်ကုန်ခြောက် တွဲလျက် ဖြန့်ဖြူးရောင်းချလျက်ရှိ သောကုန်စုံဆိုင်၊ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ မိဘရိပ်ဆန်ဆိုင်၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်၊ ဒေါ်ပေါက် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်သင်းသင်း ရေချို၊ ရေငံငါး အရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကားအရောင်းဆိုင်နှင့် ဦးဖိုးထောင် မျှင်ငါးပိနှင့် ကုန်စိမ်းဆိုင်တို့တွင် လက်ရှိအချိန် ဧပြီလကုန်ပိုင်း သင်္ကြန်အလွန်ကာလနှင့် မတ်လကုန်ချိန်ကာလ အခြေခံစားကုန် ပစ္စည်းများဖြစ်သော ဆန်ဈေးနှုန်း၊ ကုန်ခြောက်ပစ္စည်းဈေးနှုန်း၊ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းနှင့် အသားဈေးနှုန်းတို့မှာ တည်ငြိမ်လျက်ရှိပြီး ငါးကြင်း၊ ငါးမြစ်ချင်း ဈေးနှုန်းတို့မှာ အနည်း ငယ်ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။

DOCA(ရန်ကုန်)