“ သန်လျင်မြို့နယ်အတွင်းရှိအလှကုန်ပစ္စည်းရောင်းချသည့် Online Shop ဆိုင်သို့မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ လက်ယက်ဆန်းကျေးရွာအုပ်စု၊ မြယာရိုးအမှတ်(၅) နယ်မြေ၊ သီလဝါဥယျာဉ်အိမ်ရာတွင် အလှကုန်ပစ္စည်းများအား စုလင်းထွဋ် အမည်ဖြင့် Online Shop  လုပ်ငန်းဆောင်ရွက်ရန်အတွက် ဦးစီးဌာနသို့ မှတ်ပုံတင်လျှောက်ထားလာသည့် အလှကုန်ပစ္စည်းအရောင်းဆိုင်မှ မှတ်ပုံတင်ပုံစံ (Registration Form)တွင် လျှောက်ထားသည့် အချက်အလက်များအတိုင်း မြေပြင်တွင် မှန်ကန်မှုရှိ/မရှိ တိုက်ရိုက် စစ်ဆေးရန်အတွက် ၂၀၂၅ခုနှစ် ဧပြီလ (၂၈)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ အချိန်တွင် မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်မြို့နယ်ရှိ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သီလဝါဥယျာဉ်အိမ်ရာရှိ စုလင်းထွဋ် Online Shop  သို့ သွားရောက်ပြီး ပိုင်ရှင်နှင့် တွေ့ဆုံကာ မှတ်ပုံတင်လျှောက်ထားရာတွင် မိမိတို့ ဦးစီးဌာနမှ သတ်မှတ်ထားသည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ အလှကုန်ပစ္စည်းများ အပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိခြင်း ရှိ/မရှိ၊ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း၊ မိမိဌာနမှ ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိ ရသည်။

DOCA(ရန်ကုန်)