သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၁၀.၅.၂၀၂၁) ရက်နေ့၊ နေ့လည် (၁၄ :၀၀ )နာရီတွင် ကျောက်တံခါး မြို့နယ် အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ ၊ စတိုးဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၀.၅.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ပဲခူးခရိုင်၊ ဒိုက်ဦးမြို့ မြို့မဈေးရှိ ဆီလုပ်ငန်းရှင်များနှင့် ဆီရောင်းချသူများအား ဈေးကွက်အတွင်းသို့ စားသုံးဆီများ ဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသိပေး၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲကို ၃.၅.၂၀၂၂ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် ပေါက်တပင်ကျေးရွာ တောင်သူကြီး ဦးအောင်မြင့်၏ လယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် (၁၆.၅.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀: ၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဝေါမြို့နယ် ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သော စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နည်းပညာပေးဆွေးနွေးပွဲအား ၁၀.၅.၂၀၂၂ ရက်နေ့၊ နေ့လည် ၂:၀၀ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ သရက်တောကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
