ဒိုက်ဦးမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲ နှင့် မျိုးစေ့ကြဲပက်ပွဲကျင်းပ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲကို ၃.၅.၂၀၂၂ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် ပေါက်တပင်ကျေးရွာ တောင်သူကြီး ဦးအောင်မြင့်၏ လယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

           အဆိုပါ ကြဲပက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တောင်သူများ တက်ရောက်ကြသည်။ ဆက်လက်၍ ပေါက်တပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြုလေ့လာမှုစခန်း၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကျင်းပ ပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ အဖွင့်အမှာစကားပြောကြားခြင်း၊  စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဌေးကျော် က မျိုးစေ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများက တောင်သူများသို့ လယ်မြေအား ကြဲပက်စိုက်ပျိုးရန် မျိုးစေ့များ ပေးအပ်ခဲ့ပါသည်။ ဒိုက်ဦးမြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ဧက ၃၅၇  ဧက စိုက်ပျိုးကြဲပက်ရန် လျာထားပြီး ယခုလက်ရှိအချိန် တွင် ဧက ၉ ဧက ကို စံပြအဖြစ် ကြဲပက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ပြောကြားချက်အရ  သိရှိရပါသည်။ သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းကြောင့် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေတွင် မြေဆီအာဟာရတိုးတက်ခြင်း အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပြီး ဓာတ်မြေသြဇာ သုံးစွဲမှုကိုလည်း လျော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)