ဒိုက်ဦးမြို့တွင် ဆီလုပ်ငန်းရှင်များအား အသိပညာ‌ပေးဆွေးနွေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၀.၅.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ပဲခူးခရိုင်၊ ဒိုက်ဦးမြို့ မြို့မဈေးရှိ ဆီလုပ်ငန်းရှင်များနှင့် ဆီရောင်းချသူများအား ဈေးကွက်အတွင်းသို့ စားသုံးဆီများ ဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသိပေး၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရန်ကုန်ဆိပ်ကမ်းရှိ Shore Tank များမှ ဆီထုတ်ယူ ရာ၌ အဝါရောင် Food Grade Clean Drum များဖြင့်လည်းကောင်း၊ Food Grade Browser Truck ဖြင့် အသုံးပြုရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drum များတွင် စားအုန်းဆီများ ထည့်သွင်းအသုံးပြုခြင်းမလုပ်ရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade ( New Drum/Clean Drum/Jerry Can / Consumer Pack) များအသုံးပြုရန်၊ ဈေးကွက် အတွင်းသို့ ဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ်တွင် စားသုံးဆီ တင်သွင်း /သိုလှောင်/ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal  များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ်များ (Logo) များ ကပ်နှိပ်ရန် ညွှန်ကြားခဲ့ပြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အနေဖြင့် ရန်ကုန်ဆီသိုလှောင်ကန်များမှ ဆီများကို လာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင် ပီပါ အသစ်(သို့မဟုတ်) သန့်စင်ဆေးကြောပြီးသော အဝါရောင် ပီပါများ ဖြင့်သာ ထုတ်ယူခွင့် ပြုသွားမည့်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)