သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Dec 2024

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရှိ ရွှေကူ အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို ၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်၊

19 Dec 2024

      မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည်  (၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

19 Dec 2024

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ကျောင်းစု အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ‌ရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို ၁.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

19 Dec 2024

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရွှေတောင်မြို့ပေါ်ရပ်ကွက်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား (၆.၁၂.၂၀၂၄) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

19 Dec 2024

             ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ်(၃)ရပ်ကွက်၊ (ပြည်ကျော်) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်နှင့် (၆.၁၂.၂၀၂၄)ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

Pages