သတင်းနှင့် လှုပ်ရှားမှုများ
၅.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ စာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးသည် လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀) မူလ တန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၀) ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း(၂)ဦးသည် လွိုင်ကော် မြို့နယ်၊ နမ့်ဘော်ဝမ်(ခါး) မူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၀) ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
၆.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
၅.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်များတွင် ဆန်များအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည
