သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ နေ့လယ်(၁၂း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တနင်္သာရီ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်များမှ ဆန်စပါးကုန်သည်များ တက်ရောက်ခဲ့ပါ သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၄.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍သာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)တို့ပူးပေါင်း၍ မြန်မာဆန်စပါးအွန်လိုင်း (MyRo)ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ ( ppp Model)ဖြင့် လွှင့်တင်ထားရှိပြီး ဆန်၊ စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မုံရွာခရိုင်၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ လာရောက်၍ မီးဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဌာနမှ ဝန်ထမ်းအင်အား (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ ညနေ (၁၅:၀၀)နာရီအချိန် မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MDCCI)အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြို့နယ်အတွင်းရှိ MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
