သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများ အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးတို့အား အပတ်စဉ်ကွင်းဆင်းကြီးကြပ်လျက်ရှိရာ(၆.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် မကွေးမြို့၊ တိုင်းဆေးရုံကြီးရှေ့ရှိ အာရောဂျံဆေးဆိုင်၊ တူးတူးဆေးဆိုင်နှင့် ဖန်ခါးမြေဆေးဆိုင်များအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့် ချောက်ခရိုင် ဦးစီးမှူးသည်(၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နတ်မောက်မြို့နယ်မှ “လင်းလက်” အမှတ်တံဆိပ်ဖြင့် သဘာဝခေါင်းလျှော်ရည်၊ သဘာဝဆပ်ပြာ၊ Scrub များ ထုတ်လုပ်သော လုပ်ငန်းရှင်အား ခရိုင်ဦးစီးမှူးရုံးတွင်ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ် မသုံးစွဲရနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုး သုံးစွဲစေရေးအား မကွေးမြို့၊ ရန်ပယ်စျေး၌ (၉.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာရှိ “ဆန်းလှဝေ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၉) ရက်နေ့၊ နံနက်ပိုင်းမှစ၍ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ အခွန်လွတ်ဈေး၊ မြို့မဈေး၊ ရပ်ကွက်များတွင် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။