
မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ ကြံတိုင်းအောင် ဈေးဆိုင်တွင် ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးအား ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် ၅.၃.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်ဝန်ထမ်းများသည် ရောင်းချ လျက်ရှိသော အရန်သင့်အစားအစာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှု ရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထား သောအချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေ ပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များအား အစဉ်တစိုက်လိုက်နာ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်သူ၊ ရောင်းချသူများပါ ဥပဒေပါပြဌာန်းချက်များကို လိုက်နာလာခြင်း၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီရောင်းချလာခြင်းကြောင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့နည်းပပျောက်လာခြင်း ဖြစ်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
DOCA(မန္တလေး)
