ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) ရောင်းချသည့် ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) ရောင်းချသည့် ကုန်မျိုးစုံ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ(ဘူးဆီ) များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန် ဖော်ပြထားခြင်းရှိ/ မရှိ Goody၊ Mazin၊ အမေထွား၊ ရန်ကုန်ပဲဆီသန့် စသော (ဘူးဆီ)များအား ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)