ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Jun 2025

       ပြည်ဈေးကွက်တွင် ယခင်ဧပြီလဆန်းက မန်ကျည်းရွက်များအဝင်များလျက်ရှိပြီး ဈေးနှုန်းမှာ ၁၀ကျပ်သားလျှင် (၆၀၀-၇၀၀)ကျပ်နှုန်းခန့် ရှိခဲ့သည်။ ယခုမေလကုန်တွင် ပြည်မြို့အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ ဇီးအုပ်၊ နတ်တလင်းရွာများနှင့် ရွှေတောင်မြို့ရှိကျေးရွာများမှ ဝင်ရောက်မှုရှိပြီး ယခုမေလကုန်မှာ မိုးပိုသဖြင့် မန်ကျည်းရွက်များ အရင့်ဘက်များသည့်အတွက် ရှားပါးသွားခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုကာလတွင် နှစ်ရက်ခြား တစ်ကြိမ်သာဝင်၍ အချိန် (၁၀)ခန့်သာ အဝင်ရှိသည်။ ဈေးနှုန်းမှာ မန်ကျည်းရွက်နု (၁၀)သားလျှင

05 Jun 2025

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။

05 Jun 2025

    ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံအနေဖြင့် ယခင်အပတ်များမှ အဝင်များထားပြီး ပစ္စည်းလက်ကျန်များနေသည့်အတွက် ယခုမေလကုန်တွင် အဝင်နည်းလျက်ရှိနေသည်။ မကွေးတိုင်း ဆိပ်ဖြူနှင့် အောင်လံမြို့နယ်တို့မှသာ အဝင်ရှိနေပြီး တစ်ရက်လျှင် ပိဿာချိန် (၇၀၀၀)ခန့်သာ အဝင်ရှိနေသည်။ ယခင်အပတ်များက တစ်ရက်လျှင် ပိဿာချိန် (၁၃၀၀၀)ခန့် အဝင်ရှိခဲ့သဖြင့် ယခုမေလကုန်တွင် ထက်ဝက်ခန့် အဝင်နည်းသွားကြောင်း သိရသည်။ အရောင်းအဝယ်မှာလည်း အဝင်နည်းသလို အရောင်းအဝယ်အေးလျက်ရှိနေပြီး ပုံမှန်ဝယ်လက်များ အိတ်ဆွဲဝယ်ရောင်း သမားမျာ

05 Jun 2025

     အရောင်အသွေးစုံလင်လှသော ပန်းဂန္ဓာမာသည် မြင်သူတိုင်းသဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓာမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သောပန်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓာမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ ဂန္ဓာပန်းတွင် မျိုးကွဲ‌ပေါင်းများစွာရှိပါသည်။ အပင်အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ် ဝေါ်ကြပါသည်။ ဂန္ဓာပန်းကို အမည်အမျိုးမျိုးခေါ်ဝေါ်ကြသ

05 Jun 2025

    ရွှေတောင်မြို့အနီးအနားရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ရုံးပတီသီးမျိုးမှာ ကျောက်စိမ်းမျိုး များဖြစ်ကြပါသည်။ ရုံးပတီသီးကို နတ်တော်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် အသီးများစတင်ခူးဆွတ်ရပါသည်။ ရုံးပတီပင်သည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်၍ အေးသောရာသီဥတုကို မနှစ်သက်ပါ၊ ရုံးပတီသီးကို ပန်းပွင့်ပြီး တစ်ပတ်သို့ကြာလျှင် ခူးဆွတ်ရပြီး တစ်ရက်ခြားတစ်ခါ ခူးဆွတ်ပေးရပါသည်။ ရာသီဥတုပူပြင်းပါက အရင့်မြန်သောကြောင့် နေ့စဉ်ခူးဆွတ်‌‌‌ပေးရပါသည်။ တစ်ခါခူးဆွတ်လျှင် အသီးတောင့် (၃၀၀၀)ခန့်

Pages