ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်း တောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမှ ထွက်ရှိသော ထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။

21 Jul 2025
ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

21 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ အနီးအနားမြို့၊ရွာများ၌ မျောက်ငိုသီးများကို အိမ်တွင် တစ်နိုင် တစ်ပိုင်စိုက်ပျိုးစားသုံးကြသလို စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိကြသည်။ ဒညင်းသီး စားရသည်နှင့်တူသည်ဟု ပြောကြပြီး ထားဝယ်ဘက်၌ ထိုင်းဒညင်းသီးဟုလည်းခေါ်ကြသည်။

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

21 Jul 2025
ဂွေးပင်များကို အထက်နှင့်အောက် မြန်မာနိုင်ငံရှိ ဥယျာဥ်များတွင်လည်ကောင်း ၊ လမ်းဘေးတစ်လျှောက်တွင်လည်းကောင်း တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်ကောင်း ယင်းတို့ သည် အထူးတလည် စိုက်ပျိုးကြရသော အပင်များဟုမဆိုနိုင်ချေ။ အစေ့ကိုစိုက်၍ အပင်သစ်မျိုးပွားရ အောင်ပြုလုပ်ယူနိုင်သည်။ အစေ့ကိုပျိုး၍ရသည့် တစ်နှစ်သားအရွယ်ရှိ အပင်ငယ်တွင် အကိုင်းဆက်ခြင်းဖြင့်လည်း အပင်သစ်ပွားအောင် လုပ်ယူနိုင်ပေသေးသည်။
