ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလ များတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။
16 Jul 2025
အကယ်၍ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို ယခုနှစ်ကုန်ထိပိတ်ထားပါက ထိုင်းနိုင်ငံ၏ နယ်စပ်ပို့ကုန် ဘတ် ၆၀ ဘီလီယံတန်ဖိုးထိကျဆင်းနိုင်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေး ဦးစီးဌာနကသတိပေးခဲ့ပါသည်။ ဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuengthong က ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် နှစ်နိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးတန်ဖိုးသည် ဘတ် ၈၀.၇၂ ဘီလီယံထိ‌ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁.၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကာလတွင် ထိုင်းနိုင်ငံ၏တင်ပို့မှုတန်
16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်း ဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ် လုပ်ငန်းကို လုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
16 Jul 2025
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၃.၇.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၃၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာ လျှင် ၈၆၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၀၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။
16 Jul 2025
သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၄.၇.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၇၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၃၀၁၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၃၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၂၆၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန

Pages