ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Feb 2025

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား (၂၀.၂.၂၀၂၅)ရက် နေ့တွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

21 Feb 2025

မုန်ညင်းထုပ်ကို  မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်တွင် သင့်တော်သောရာသီဥတုရှိခြင်းကြောင့် စိုက်ပျိုးမှုများပါသည်။

21 Feb 2025

စတော်ဘယ်ရီပင်ကို သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်းဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌ လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ မှ ၆၀၀၀ အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် စတော်ဘယ်ရီကို ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြကြောင်း၊ တောင်ပေါ်ဒေသ နေရာအများ အပြားတွင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ စိုက်ပျိုးလာကြကြောင်း သိရပါသည်။

21 Feb 2025

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

21 Feb 2025

        ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့သစ်၊ အေးသီရိ ဈေးအတွင်း မရမ်းသီးများ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ မရမ်းသီးများတွင် မရမ်းချိုသီးနှင့် မရမ်းချဉ်သီးဟူ၍ (၂) မျိုးရှိပြီး နှစ်စဉ်ဝယ်လိုအားကောင်းသော သီးနှံဖြစ်ပါသည်။ ယခုနှစ် ပေါ်ဦးပေါ်ဖျား မရမ်းသီးဈေးနှုန်းများမှာ(၁) ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Pages