ကုန်သွယ်မှုသတင်းများ
ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်မှ ပဲပုပ်(ရှမ်း)သီးနှံ များဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက်ပဲပုပ်မှာ ပြည်တွင်း စားသုံးမှုများ ပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုပ်သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက် အတွင်းသို့ ရှမ်းပြည်နယ်မှ ထွက်သည့်ပဲပုတ်

မန္တလေးကုန်စိမ်းစျေးကွက်အတွင်း သံပုရာသီးနှင့် သံပုယိုသီးဝင်ရောက်မှုမှာ ဖေဖော်ဝါရီ လတတိယပတ်တွင် ပုံမှန်ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့် သံပုရာသီးမှာတောင်အင်းမြောက်အင်းကျေးရွာ၊မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့် အသီးများနှင့် သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊ မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုး ထွက်ရှိသည့် အသီးများပိုမိုဝင်ရောက်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်း ဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်းသိရှိရပါတ

ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲယဉ်းသီးနှံများ စတင်ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲယဉ်း သီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲသီးနှံမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြေ

မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေနှင့် ပြင်ဦးလွင်ဒေသထွက် လိမ္မော်သီးများ ဒီဇင်ဘာ၊ ဇန်နဝါရီလများကတည်းက ဝင်ရောက်လျက် ရှိပါသည်။ ယခုဖေဖော်ဝါရီလအတွင်း၌ ဗန်းမော်ဒေသထွက် လိမ္မော်သီးများ မန္တလေးဈေးကွက် အတွင်းသို့ ထပ်မံဝင်ရောက်လျက်ရှိပါသည်။ မန္တလေးမြို့ ဘုရားကြီးဈေးရှိ သစ်သီးမျိုးစုံရောင်းချသော ဆိုင်များတွင် ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ ကျွဲကော်သီး၊ စပျစ်သီး များနှင့်အတူ ဗန်းမော်ဒေသထွက် လိမ္မော်သီးများရောင်းချလျက်ရှ

ယခုဖေဖော်ဝါရီ လလယ်ခန့်တွင် ပြည်ဈေးကွက်၌ ရေသွင်းစိုက်ပျိုးလျက်ရှိသော သံပရာသီး များဈေးကောင်းရလျက်ရှိနေပြီး အရောင်းအဝယ်မှာ အဝင်ရှိသလောက် ရောင်းဝယ်မှု ဖြစ်လျက် ရှိနေသည်။ ပြည်မြို့ပေါ်ဈေးကွက်များသို့ မှော်ဇာ၊ ဇီးအုပ်၊ နတ်တလင်းနှင့် ရွှေတောင်မြို့နယ်ရှိ ရွာဘက်များမှ အဝင်ရှိနေပြီး တစ်ရက်ခြားလျှင် အလုံး ၁၀၀၀၊ ၁၂၀၀ခန့် ဝင်ကာ မိုးတွင်း စိုက်သံပရာသီးများကဲ့သို့ အလုံးမချောပေမယ့် အရည်ရလျက်ရှိပြီး ပစ္စည်းလက်ကျန်မရှိ အရောင်း အဝယ်ဖြစ်နေသည်။ ယခုမြို့ပေါ်ဈေးကွက်များအတွင်း သံပရာသ
