ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းသာယာဝတီခရိုင်အုတ်ဖိုမြို့နယ်အတွင်းပန်းဂေါ်ဖီထုတ် များလှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်၍ ဂေါ်ဖီစိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်နေမှုနှင့် ဈေးနှုန်း/ဈေးကွက်များအားသိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည်ဂေါ်ဖီစိုက်ပျိုးထားရှိသော ဂေါ်ဖီစိုက်ခင်းများသို့သွားရောက်ပြီး ကွင်းဆင်းလေ့လာ ခဲ့ကြပါသည်။

ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံ တစ်မယ်ဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်းနှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း)အဖြစ် စိုက်ပျိုး လျက်ရှိကြောင်း သိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှုများအနက် ၂၀၂၄-၂၀၂၅ ခုနှစ်နှမ်း သီးနှံစိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိ

ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးစျေးကွက်သို့ ပဲကြီးသီးနှံများဝင်ရောက်မှုများ လျက်ရှိပြီး၊ပဲကြီးသီးနှံမှာ(အစို/အခြောက်)အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ မန္တလေး စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့မှ စိုက်ပျိုးထွက်ရှိ သည့်ပဲကြီးသီးနှံများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲကြီး သီးနှံများလည်း ဝင်ရောက်မှုမ

မန္တလေးစျေးကွက်သို့ ဖေဖော်ဝါရီလတတိယပတ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံအများ အပြားဝင်ရောက်လျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးသည့်အစေ့ထုတ်ပြောင်း (ထိုင်ဝမ်)မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊အထွက် တင်း စုစုပေါင်း ၆၆၀၅၉၁တင်းဖြစ်ကြောင်း သိရပါတယ်။

မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ကုလားပဲသီးနှံမှာပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပ သို့ တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲသီးနှံ အပါအဝင် ပဲမျိုးစုံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း၌ ကုလားပဲကို ပုံစံအမျိုးမျိုးဖြင့် စားသုံးကြောင်း တွေ့ရှိရပြီး၊ ပဲလုံး၊ ပဲခွဲခြမ်း၊ပဲအစိမ်းမှုန့်၊ကကုအကြက်မှုန့်၊ပဲကြော်၊ ကုလားပဲသုံးစွဲသည့်စားသောက်ကုန်များ၊ ပဲပင်ပေါက်၊ ပဲဟ
