ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Feb 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာမှ ကျွဲကောသီးများ လှိုင်လှိုင်ထွက် ရှိပြီးဖြစ်ရာ ယခုချိန်၌ စျေးကောင်းရသဖြင့် ကျွဲကောခြံရှင်များ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

20 Feb 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဆီးချိုသီး၊ ဆီးချဉ်သီးများ စတင်ပေါ်ထွက်လျက်ရှိပြီး ဆီးချိုနှင့် ဆီးချဉ်ပင်များကို ပခုက္ကူမြို့နယ်အတွင်းရှိ အရှေ့ချောက်ကန်အုပ်စု ယာမြေများတွင် အလေ့ကျပေါက်ရောက်လျက်ရှိပါသည်။ များသောအားဖြင့် အလေ့ကျပေါက်ရောက်သောအပင်များမှာ ဆီးချဉ် ပင်များဖြစ်ပြီး ယာမြေများ၌ စိုက်ခင်းများ ရိတ်သိမ်း ချိန်အပြီးတွင် ဆီးသီးများကောက်၍ နေလှန်းအခြောက်ခံကြပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိရွာများ သာမက မြိုင်မြို့နယ်အတွင

20 Feb 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေး တို့တွင် အာလူးသီးအသစ်များအများအပြား ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြို့မစည်ပင် ဈေးတွင် ကမ္မ၊ မြစ်ခြေ၊ ပေါက်မြို့နယ်ထွက် အာလူးသီးများသာမက ရှမ်းပြည်နယ်ထွက် အာလူးသီးများ လည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ ၂၀၂၅ခုနှစ်၊ ဖေဖေါ်ဝါရီလ(ပထမပတ်)မှစ၍ ကမ္မမြို့နယ်များ ထွက်ရှိသော အာလူးသီး(အသစ်)များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း မြို့မဈေး သည်များထံမှ သိရှိရပါသည်။

20 Feb 2025

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ မိုးစိုက်(ဥစိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးလျက်ရှိပြီး ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ တစ်ရက်လျှင် ပိဿာချိန်(၁၅၀၀၀-၂၀၀၀၀) အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်သို့ ယခင် အပတ်ထက် ကုန်ဝင်ရောက်

20 Feb 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဝါကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့ နယ်အတွင်းရှိ ရွာများမှ ဝါကို အဓိကစိုက်ပျိုးကြပါသည်။ ဝါစတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်ပိဿာ(၁၀ မှ ၅၀ ထိ) ဝင်ရောက်လျက်ရှိ ကြောင်း ဝါကုန်သည် များထံမှ သိရှိရပါသည်။

Pages