ကုန်သွယ်မှုသတင်းများ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်မှုကာကွယ်ရေးမူဝါဒများသည် အင်ဒိုနီးရှား အတွက် GDP မြှင့်တင်နိုင်ရန်အခွင့်အလမ်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားစီးပွားရေးကောင်စီ၏ အကြီးအကဲ Luhut Binsar Pandjaitan က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။ Pandjaitan က၎င်းသည် နိုင်ငံ၏ GDP ကို ၀.၈ ရာခိုင်နှုန်း မြင့်တက်စေရန်အလားရှိကြောင်းနှင့် သို့သော်ထိုသို့မြင့်တက်မှု ရရှိရန်အတွက် နိုင်ငံသည် ကမ္ဘာ လုံးဆိုင်ရာဈေးကွက်နေရာပြောင်းရွှေ့မှုထံမှအခွင့်အလမ်းမျာ

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးက အမေရိကန်အား ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေး ဆက်နွယ်မှုအားကောင်းရန်နှင့် နိုင်ငံအား အမေရိကန်၏ထောက်ပံ့မှုကွင်းဆက်၏ အရေးပါသော အစိတ်အပိုင်းနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုအချက်အချာအဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ၎င်း၏ အမေရိကန်သို့ ဖေဖော်ဝါရီလ ၄-၈ ထိလည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း စီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan က အမေရိကန်အား ထိုင်းနိုင်ငံကို အဓိကအားဖြင့် ဆီမီးကွန်ဒတ်တာနှင့် Printed circuit board အစရှိသည့် နည်

ဗီယက်နမ်သည် အမေရိကန်ထံမှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များပိုမိုတင်သွင်းရန် အတွက် ၎င်းတို့၏ဈေးကွက်ကို တံခါးဖွင့်ထားရန်အဆင်သင့်ဖြစ်နေကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien က ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ၎င်းတို့၏ အကြီးမား ဆုံးတင်ပို့ရာဈေးကွက်ဖြစ်သည့် အမေရိကန်ထံမှ အကောက်ခွန်နှုန်းသစ်များ ပါဝင်သည့် ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်ရေးအငြင်းပွားမှုပြင်းထန်လာခြင်းထံမှ မသေချာမရောမှု များနှင့် ရင်ဆိုင်နေရ ကြောင်း သိရပါသည်။ Dien က နှစ်နိုင်ငံစလုံးသည် စိုက်ပျိုးမွေးမ

Mazda Motor Corp သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံရန်စီစဉ်နေကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ် အဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်း ရောင်းချရန်နှင့် ဂျပန်နှင့် အာဆီယံနိုင်ငံများအစရှိသည့် အခြားနိုင်ငံများသို့ တင်ပို့ရန်ဖြစ်ပြီး တစ်နှစ်လျှင့် အစီးရေ ၁၀၀၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ လုပ်ငန်း၏ ကျွမ်းကျင်သူများအဆိုအရ အရှေ့တောင်အာရှ

ဇန်နဝါရီလတွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၇၀ တန်ဖိုးရှိသော ကျောက် ပုဇွန်များကို ဗီယက်နမ်နိုင်ငံထံမှတင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) ၏ထုတ်ပြန်ချက်အရ ဇန်နဝါရီလတွင် ဗီယက်နမ်၏ကမ္ဘာတစ်ဝှမ်းသို့ စုစုပေါင်းရေထွက်ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၇၄ သန်းတန်ဖိုးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။
