
ဝဥအပင်သည် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းပြီး အအေးပိုင်းဒေသများနှင့် တောင်ပေါ်ဒေသများတွင် ဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်သည်။ ဝဥအပင်သည် စိုက်ပျိုးရ လွယ်ကူသော အပင်တစ်မျိုးဖြစ်သည်။
ယခုအခါ အထက်တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ ထွက်ရှိသော ဝဥကို ကုန်ကြမ်းအဖြစ်မှ အသင့်စားသုံးနိုင်သော အဆင့်ရောက်အောင် အချောပြုလုပ်ပြီး တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
ဝဥကို အသုတ်စုံများ ပြုလုပ်ရာတွင် အများဆုံး ထည့်သွင်းအသုံးပြုသည်။ ထို့ပြင် ဟင်းချက်စားခြင်းဖြင့်လည်း စားသုံးကြသေးသည်။
ဝဥ ဈေးနှုန်းမှာ ယခင်လ နှင့် ယခု အောက်တိုဘာလ တတိယ အပါတ်အထိ ဈေးနှုန်းမှာ ပြောင်းလဲမှုင မရှိပဲ ဝဥ ၂၅ ကျပ်သား လျှင် ၁၅၀၀ ကျပ် ၊ တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရောင်းရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
