ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရ သည်။

ကန့်ဘလူမြို့နယ်အတွင်းတွင် ရာသီပေါ်အသီးအရွက် များဖြစ်သည့် တမာရွက်၊ ချဉ်ပေါင်ရွက်၊ ကန့်လန့်ဖူး၊ နံနံပင်၊ ပဲကြီးအစို၊ ဘိုစားပဲအစို၊ စားတော်ပဲစို ၊ ဓေါပတ်ပဲစိုမုံလာသီး၊ ပန်းမုံလာ၊ မုံလာထုတ်၊ ခါကြက်ဥ၊ ခရမ်းသီး၊ သံပုရာသီး၊ နှင့် ခရမ်းချဉ်သီး စသည့်သီးနှံများရောင်းချလျက်ရှိကြောင်း သိရ ပါသည်။

ဖေဖော်ဝါရီလ တတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားရည် ဈေးနှုန်းအနေဖြင့် ပျားရည် တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်နှုန်း၊ ပျားရည်(၄၀)ကျပ်သားဝင် ပုလင်း တစ်လုံးလျှင်(၁၅၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၈၀၀၀)ကျပ် နှင့် ပျားရည်(၁၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ပျားရည်ရောင်းချနေသည် ဈေးသည်တစ်ဦးထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

၂၀.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာနေ ဦးဝင်းထွန်း၊ ဒေါ်ချိုချိုမြင့်တို့၏ ရွှေလှေကွင်းတွင် စိုက်ပျိုးထားသော ဆန်းပန်း (ဖြူ/ဝါ) စိုက်ခင်းသို့ သွားရောက်၍ ပန်းစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းလေ့လာခဲ့ရာ ပန်းခင်းမှာ အောင်မြင် ဖြစ်ထွန်း၍ ဈေးကောင်းရနေကြောင်း သိရသည်။
