ကုန်သွယ်မှုသတင်းများ
ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးသည့်အနက် တောကြက်ဟင်းခါးသီးကိုလည်း စင်ထိုးစိုက်ပျိုးကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်း များထဲမှ တီလားဗီးယားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့၏ တီလားဗီးယား ငါးဈေး နှုန်းများအနေဖြင့် တီလားဗီးယားငါး(အကြီး)တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ တီလားဗီးယားငါး (အသေး)တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရော

ကန့်ဘလူမြို့နယ်တွင် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိရာ ငှက်ပျောမျိုး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော (ခေါ်)ရခိုင် ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံး စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ နှင်းသီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

ကန့်ဘလူမြို့နယ်တွင် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပါသည်။
