ကုန်သွယ်မှုသတင်းများ
၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် လတ်ဆတ်သောအုန်းသီးတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၉၀ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၆၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ စုစုပေါင်း ဆိုပါက နိုင်ငံ၏ လတ်ဆတ်သောအုန်းသီးနှင့် အုန်းသီးထုတ်ကုန်များတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံနီးပါး ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းတန်ဖိုးသည် ဗီယက်နမ်အတွက် အုန်းသီးမှတ

ဗီယက်နမ်ရာဘာအသင်း (VRA) က ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ရာဘာတင်ပို့မှုသည် ၂၀၂၄ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းကြီးထွားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရရှိရန်ခန့်မှန်း ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ရာဘာဈေးနှုန်း များမှာ သိသာစွာမြင့်တက်နေခြင်းက ရာဘာကုမ္ပဏီများအား ဝင်ငွေနှင့် အကျိုးအမြတ်ရရှိမှု ကြီးထွားရေးတွင် ကူညီပေးနိုင်မည်ဟု သိရပါသည်။ ဇန်နဝါရီလတွင် ဗီယက်နမ်သည် အမေရိကန် ဒေါ်လာ ၃၄၁ သန်းတန်ဖိုးရှိသော ရာဘာတန်ချိန် ၁၈၀၀၀၀ တင်ပို့ခဲ့ပြီး

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံအတွင်း၌ EV အားသွင်းစခန်းပေါင်း ၆၃၀၀၀ တည်ဆောက်သွားရန်စီစဥ်ထားပြီး ထိုနှစ်တွင် EV ကားအစီးရေ ၉၄၃၀၀၀ အထိတိုးလာစေရန် ရည်ရွယ်ထားကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဘီလာရုစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၂၀၂၅ ဇန်နဝါရီလတွင် ရူဘယ် ၂၀.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆.၂၅ ဘီလီယံ) သို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၇ ရာခိုင်နှုန်းတိုးလာကြောင်းနိုင်ငံ၏ အမျိုးသားစာရင်းအင်းကော်မတီက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
ထို့အပြင် GDP deflation အညွှန်းကိန်းသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဥ်ပါက ဇန်နဝါရီလတွင် ၁၀၈.၁ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကြောင်း ကော်မတီ၏ အဆိုအရသိရသည်။

ပြင်သစ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် ဇန်နဝါရီလတွင် တစ်နှစ်ထက် တစ်နှစ် ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြင်သစ်အမျိုးသား စာရင်းအင်းနှင့်စီးပွားရေး လေ့လာ ရေးသိပ္ပံ (INSEE) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင်ထုတ်ပြန်ကြေညာခဲ့သည်။
