ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာ အသားငါး ဈေးနှုန်း များထဲမှ ကြက်သားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ရက်စွဲ၊ ၂၀.၂.၂၀၂၅
ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရ သည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိမိတို့ နေအိမ်ဝင်းအတွင်းနှင့် လယ်ယာမြေများထဲ တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စားတော်ပဲစိမ်းကို စိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက် ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။

ကန့်ဘလူမြို့နယ်တွင် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဒေသထွက် အစားအစာအဖြစ် သဘာဝ ဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်ရေ ၊ ကြံသကာရေ လောင်းထားသော ဆန်လှော်မရွေးမုန့် ဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ရာသီချိန် အစား အသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြမှုမှာ များပြားပြီး အရောင်းအဝယ် ဖြစ် လျက်ရှိပြီး ရွာသစ်ကြီးကျေးရွာနှင့် ရေဦးမြို့တို့မှလာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက် ဆုတ်များ စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
