ကုန်သွယ်မှုသတင်းများ
ဇမ်ဘီယာအစိုးရသည် ကျောက်မျက်ရတနာများနှင့် မြတို့ကို ပြန်လည်စတင်ရောင်းချ ခြင်း နှင့်ပတ်သက်၍ စျေးကွက်ကစားသမားများ မကျေမနပ်ဖြစ်ပြီးနောက် တင်ပို့ခွန်ကို ဆိုင်းငံ့လိုက် ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကြေညာခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီး Felix Nkulukusa က ပြည်တွင်းထုတ်လုပ်သူများကို ကမ္ဘာ့ဈေးကွက်တွင် လေလံပွဲများနှင့် ရောင်းချမှု များအတွင်း ပိုမိုထိရောက်စွာ ယှဉ်ပြိုင်နိုင်စေရန် ၁၅ ရာခိုင်နှုန်း အခွန်ဆိုင်းငံ့ခြင်း ဥပဒေဆိုင်ရာ စာရွက်စာတမ်း တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ "အ

တူရကီနိုင်ငံ၏မော်တော်ယာဥ်လုပ်ငန်းသည် ယမန်နှစ်အလားတူလနှင့် နှိုင်းယှဉ်ပါက ဇန်နဝါရီတွင် ထုတ်လုပ်မှုနှင့်စျေးကွက်စွမ်းဆောင်ရည် ကျဆင်းသွားကြောင်း မော်တော်ကား လုပ်ငန်းအဖွဲ့ (OSD) က ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ OSD ၏ လစဉ် အစီရင်ခံစာအရ ဇန်နဝါရီလတွင် စုစုပေါင်းထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၀၅,၃၉၇ ယူနစ်အထိကျဆင်းခဲ့သည်။ ခရီးသည်တင်ကားထုတ်လုပ်မှုမှာ ၁ ရာခိုင်နှုန်း အနည်းငယ် တိုးလာပြီး အစီးရေ ၆၇၇၉၅ စီးအထိ တိုးလာသော်လည်း အပေါ့စား လုပ်ငန်

ကော့သောင်းမြို့ပေါ်ရှိ ကျေးရွာများရှိ ခြံဝိုင်းများတွင် ဒန့်ဒလွန်အပင်များကို စိုက်ပျိုးကြရာ ဒန့်ဒလွန်ပင်မှ အရွက်၊ အသီးတို့သည် ဆေးဖက်ဝင် အပင်တစ်မျိူးဖြစ်သည့်အတွက် စားသုံးရန် စိုက်ပျိူးကြပြီး၊ ပိုလျှံပါက ရောင်းချရာ အိမ်တွင် ဝင်ငွေတိုးစေသည့်လုပ်ငန်းဖြစ်ပါသည်။ ဒန့်ဒလွန် သီးသည် ပေါ်ဦးပေါ်ဖျားရှားပါးချိန်ဖြစ်သည့်အတွက် တစ်ဒေါင့် ကို ၇၀၀-၈၀၀ ကျပ်ထိ စျေးကွက် ပေါက်သည့်အတွက် စျေးကောင်းရသည့် သီးပင်တစ်ပင်ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်း များမှာ (၃၄၀၀၀)ကျပ်မှ (၃၃၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ထားဝယ်မြို့၊ ဝက်သားစျေးနှုန်းမြင့်တက်လာခြင်းမှာဝက်စာစျေးနှုန်းများနှင့်မွေးမြူရေးကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူရေးလုပ်ကိုင်သူများလျော့နည်းလာသဖြင့် ဝက်သား ပြတ် လက်မှု မရှိစေရေး မော်လမြိုင်မှ တစ်ဆင့် ဝက်များသယ်ယူရပြီး သယ်ယူမှုကုန်ကျ စရိတ်များ ကြီးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့ ဝက်သားဒိုင်များမှ သိရှိရပါ သည်

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
