လက်ပံတန်းမြို့ဂျင်းနှင့်ကြက်သွန်ဖြူဈေးကွက်အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်ရှိသော ဂျင်း  ဈေးနှုန်းများမှာ  စက်တင်ဘာလ  ဒုတိယပတ်တွင်  ဂျင်း၁၀ကျပ်သားလျှင်  ၇၀၀ / ကျပ် ရှိခဲ့ပြီး ယခုအောက်တိုဘာလဒုတိယပတ်တွင်လည်း၇၀၀/ကျပ်ရှိနေပါသည်။ဂျင်းဈေးနှုန်းမှာဈေးငြိမ်နေကြောင်း သိရှိရပါသည်။

       ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် စက်တင်ဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခု အောက်တိုဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  စက်တင်ဘာလဒုတိယပတ်တွင် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုအောက်တိုဘာလဒုတိယတွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ် နေပါသည်။ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာတစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်  ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိရာ ဂျင်း၊ကြက်သွန်ဖြူ၊ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)