ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ပထမအပတ်တွင်အရောင်း အဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယ အပတ်မှ စတင်၍ ရွှေဘိုဈေးကွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၏ မိုးဦးစိုက်မြေပဲများ ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်ပါသည်။ နွားထိုးကြီးမြို့နယ်အနေဖြင့် ၂၀၂၃ခုနှစ်တွင် မိုးမြေပဲကို (၄၀၄၆၂) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၂) တင်းခန့်ထွက်ရှိခဲ့၍ တစ်ဧကလျှင် တောင်သူအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀)ကျပ်ခန့်ရရှိခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတွင် တည်ရှိသည့်အလျောက် ယေဘူယျအားဖြင့် ပြန့်ပြူးသောမြေမျက်နှာသွင်ပြင်ရှိပြီး ပူးပြင်းခြောက်သွေ့သော ရာသီဥတုရှိ၍ မိုးရွာသွန်းမှုကိုအခြေပြုကာ သီးနှံများအား စိုက်ပျိုးမှုပြုရသောဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ မြစ်ကမ်းမြို့နယ်တစ်ခုဖြစ်ပြီး မြစ်နှင့်နီးသည့်ဒေသများ၌ ရေကျချိန်တွင် ပဲမျိုးစုံ၊ ပြောင်းနှင့်ဆေးရွက်ကြီးပင်များကိုစိုက်ပျိုးမှုရှိပြီး ကုန်တွင်းပိုင်းတ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဈေးရပ်ကွက်၊ ဈေးလမ်းရှိ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင် (၃-၁၀-၂၀၂၄)ရက်နေ့တွင်ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန် (၂အိတ်)၊ ဆီတစ်ပိဿာလျှင် (၇၆၀၀)ကျပ်နှုန်းဖြင့် ဆီ (ပိဿာ၂၅)၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀)လုံး၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ၊ ကြက်သားမွေးမြူရေးတစ်ပိဿာလျှင် (၁
