ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Oct 2024

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များသည် ဆန်များကို သက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ(၂၄)ရက်နေ့မှ စတင်ရောင်းချခဲ့ရာ ယနေ့အောက်တိုဘာလ(၃)ရက်နေ့အထိ နေ့စဉ် အကန့်အသတ်မရှိဘဲ ဝယ်ယူလိုသည့်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ (၃-၁၀-၂၀၂၄)ရက်နေ့တွင် ဆန်စက်နှင့် ဆန်ဆိုင်တို့မှ ဧည့်မထဆန်၊ ရက်(၉၀)ဆန်၊ မနောသုခဆန်တို့အား ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ် (၃၆)အိတ်၊ လူဦးရေ (၂၅၃)ဦးအား ရောင်းချ

08 Oct 2024

           ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့မဈေးကြီးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာရောင်းချလျက်ရှိပါသည်။

08 Oct 2024

        (၃-၁၀-၂၀၂၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား ညောင်လေးပင်မြို့နယ် ဆီ လက်လီ/ လက်ကားရောင်းချသော လုပ်ငန်းရှင်များမက စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

08 Oct 2024

        ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ရှိ ဒိုးတန်း၊ ရွှေအင်ဒုံ၊ တကောင်းကျေးရွာရှိ လယ်ကွင်းများတွင် ဆင်းသုခ၊ ရက် ၉၀ စပါးများ စတင်ထွက်ပေါ်နေပြီး တစ်ဧကလျှင် (တင်း၈၀-၉၀) ခန့် ပျမ်းမျှထွက်ရှိပြီး စပါးဈေးမှာ  စပါး၏ အစိုာါတ်နှင့်  အရည်အသွေးပေါ်မူတည်ပြီး စပါးတင်း၁၀၀လျှင် ၁၄၀၀၀၀၀ကျပ်မှ ၁၅၀၀၀၀၀ကျပ်ဖြင့်ဝယ်ယူနေကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

08 Oct 2024

          ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်ကို အမြတ်တနိုးထားရှိကြပါသည်။ ဗုဒ္ဓဘာသာဝင်အိမ်ရှင်မများအနေဖြင့် နေအိမ်ရှိဘုရားစင်တွင် ဘုရားပန်းများမညှိုးနွမ်းစေရန် နှစ်ရက်တစ်ခါဖြစ်စေ သုံးရက်တစ်ခါဖြစ်စေ ဘုရားပန်းလဲပေးတတ်ကြသည်။

Pages