ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ပြည်ပွဲရုံများသို့ အာလူးများ ဆက်တိုက်ဝင်ရောက်လျှက်ရှိပါသည်။ အာလူးအိတ်များမှာ အကြီး၊ အလတ်၊ အသေး အလိုက် ဝင်ရောက်ပြီး အလုံးလှကာ အရည်အသွေးကောင်းသောကြောင့် အာလူး အရောင်းအဝယ် သွက်နေကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် နံနံပင်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး (၁၀)ပင်စည်း တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၂

ပြည်မြို့တွင် တွေ့ရခဲသော ကိုင်းဥကို ပြည်မြို့၊ မြို့မဈေးကြီးတွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ကိုင်းဥကို ရန်ကုန်မြို့နှင့် အခြားမြို့များတွင်သာ ထွက်ရှိရောင်းချနေကြပြီး ပြည်မြို့ အနေဖြင့် ရောင်းချခဲသော ရာသီပေါ်အသီးတစ်မျိုးဖြစ်ပါသည်။ ကိုင်းဥ၏ အရသာမှာ နို့အရသာနှင့် စိမ့်သော အရသာရရှိကြောင်း သိရှိရပါသည်။

သံပုရာသီးကို နွေသီးနှင့် မိုးသီးဟူ၍ နှစ်မျိုးရှိပြီး ယခုမိုးတွင်းကာလတွင် သီးသော အသီးမှာ လှိုင်လှိုင်ထွက်ပြီး အသီးအလုံးလည်းကြီးကာ အရည်လည်း ရွှမ်းသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်လိုက်လျှက်ရှိပါသည်။ ယခင်က နွေရာသီတွင် ထွက်ရှိသော အသီးများမှာ အလုံး သေးပြီး အရည်နည်းကာ အထွက်နည်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှန်းများမှာ ယခင်ဇူလိုင်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှန်း နှင့် ယခုဩဂုတ်လဈေးမှာ ကွာဟမှု့မရှိသည်ကို တွေ့ရ

