
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှန်းများမှာ ယခင်ဇူလိုင်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှန်း နှင့် ယခုဩဂုတ်လဈေးမှာ ကွာဟမှု့မရှိသည်ကို တွေ့ရှိရပါသည်။ ယခင်ဇူလိုင်လ စတုတ္ထပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင်(၉၆၅၀၀ကျပ်မှ၉၇၅၀၀)ကျပ်ဈေးဖြင့် ဈေးပိတ်ခဲ့ပါသည်။ယခုဩဂုတ်လ ပထမပါတ် အဖွင့်ဈေးမှာ (၉၇၅၀၀ကျပ်မှ၉၇၀၀၀)ကျပ် အတွင်းသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒုတိယပါတ်တွင် ဈေးနှုန်းများ ပြန်လည် ကျဆင်းလျှက် ရှိပြီး (၉၇၀၀၀ကျပ်မှ ၉၆၅၀၀ကျပ်)အတွင်းသာ ရောင်းဝယ်ခဲ့ပါသည် ယခုတတိယပါတ်တွင် အရောင်းအဝယ် ဖြစ်နေသော ဈေးနှန်းမှာ ဆတ်လက် ကျဆင်းလျှက်ရှိပြီး ပိဿာ(၂၀)တစ်တင်းကို (၉၆၀၀၀ကျပ်မှ၉၆၅၀၀ကျပ်)ဈေးဖြင့်သာအရောင်း အဝယ် ဖြစ်နေသည်ကို လေ့လာသိရှိရပါသည်။ အရောင်းအဝယ် ဖြစ်မှု့အခြေအနေမှာ တောင်သူများမှ ရောင်းချမှု့ အနည်းငယ်သာရှိပြီး လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများမှ လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)