ဈေးနှုန်းများကျဆင်းလာ၍ ဝယ်လက်များလာသော ပြည်အာလူးဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ပြည်ပွဲရုံများသို့ အာလူးများ ဆက်တိုက်ဝင်ရောက်လျှက်ရှိပါသည်။ အာလူးအိတ်များမှာ အကြီး၊ အလတ်၊ အသေး အလိုက် ဝင်ရောက်ပြီး အလုံးလှကာ အရည်အသွေးကောင်းသောကြောင့် အာလူး အရောင်းအဝယ် သွက်နေကြောင်းသိရှိရပါသည်။ အာလူးနှင့်ပတ်သက်သော အကြော်နှင့် မုန့်လုပ်ငန်း အရောင်းအဝယ်သမားတို့ အများဆုံးဝယ်ယူနေပြီး လက်လီဈေးများတွင်လည်း ဈေးနှုန်း ကျဆင်းလာ၍ ဝယ်လက်များလာကာ အရောင်းအဝယ်ကောင်းလာကြောင်း သိရှိရပါသည်။  ပြည်ဈေးကွက်တွင် ရောင်းချနေသော အာလူးဈေးနှုန်းများမှာ (ပွဲရုံဈေး) တစ်ပိဿာလျှင် (၄၅၀၀ - ၅၅၀၀)ကျပ်ဈေးဖြစ်ပြီး လက်လီဈေးမှာ အာလူး အကြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် အသေးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်အသီးသီးရှိပြီး အရောင်းအဝယ်ကောင်းကြောင်းသိရှိရပါသည်။ ဈေးနှုန်းလည်းသင့်တင့်ပြီး အမျိုးအစားကောင်း အာလူးများဖြစ်သောကြောင့် ပွဲရုံများတွင် အာလူးအရောင်းအဝယ်ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)