မိတ္ထီလာမြို့ ကုန်စိမ်းပွဲရုံတန်းရှိ ကျောက်ဖယုံသီးဈေးကွက်

Powered by Drupal

           မိတ္ထီလာမြို့၊ မြို့မဈေးကြီးရှိ ဖြိုးဝေကုန်စိမ်းတန်းတွင် နယ်ခုံမှ ဝင်ရောက်သောကုန်စိမ်းများအနက် ကျောက်ဖယုံသီးမှာလည်း အပါအဝင်ဖြစ်ပါသည်။ ကျောက်ဖယုံသီးမှာ မိတ္ထီလာဈေးကွက်အတွင်း ဝမ်းတွင်း၊ သာစည်တို့မှ ဝင်ရောက်ပြီး၊ မိတ္ထီလာမြို့မဈေးကြီးမှတဆင့် လက်လီဈေးများ၊ ကျေးရွာများမှ ဝယ်ယူသူများကို လက်လီ၊ လက်ကားပြန်လည်ရောင်းချကြပါသည်။ ကျောက်ဖယုံသီးမှာ နွေဦးကာလ ရှင်ပြုအလှူပြုလုပ်သည့်ကာလများတွင် ပိုမိုအရောင်းသွက်ပြီး၊ ယခုအချိန်မှာတော့ အရောင်းအဝယ် ပုံမှန်ရှိကြောင်း၊ ကျောက်ဖယုံသီးတစ်လုံးလျှင် အလုံးကြီး၊အသေးအပေါ်မူတည်ပြီး (၂၀၀၀-၃၀၀၀) ကျပ်ရှိကြောင်းနှင့် ကာလကြာရှည်စွာအထားခံကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)