ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကံတော်၊ ကံလှ၊ ကံထိန်၊ ကံရက်၊ ဒဟက်ခြောက်၊ သစ်ပင်ကြီးနှင့် ချောက်ကန်အုပ်စုကျေးရွာများတွင် ပဲစဉ်းငုံနီကို သီးညှပ်အဖြစ် အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့နယ်သာမက အခြားမြို့နယ်များမှလည်း ပဲစဉ်းငုံနီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးကြပါသည်။ မိုးသီးနှံများထဲတွင် နိုင်ငံတော်မှ ပြည်တွင်းဖြစ် အဝတ်အထည်များ ထုတ်လုပ်နိုင်ရန်အတွက် အခြေခံလိုအပ်သည့် ချည်များ အများအပြားထွက်ရှိစေရေး ဝါသီးနှံများစိုက်ပျိုးမှုကို ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။ ရေစကြိုမြို့နယ်အနေဖြင့်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် သရက်ကုန်းကျေးရွာများတွင် စက်တင်ဘာလမှစ၍ ပိန်းဥများစတင်ထွက်ရှိနေပြီး ပိန်းဥမျက်နှာနီ တစ်ပိဿာ (လက်လီ)(၆၀၀၀)ကျပ်၊ (လက်ကားဈေး)(၅၀၀၀)ကျပ်၊ ပိန်းဥပေါင်တောင် တစ်ပိဿာလျှင် (လက်လီ)(၄၀၀၀)ကျပ်၊ (လက်ကား)(၃၀၀၀)ကျပ်၊ ပိန်းဥသားတက် တစ်ပိသာလျှင် (လက်လီ) (၃၀၀၀)ကျပ်နှင့် (လက်ကား) (၂၅၀၀) ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

ပေါင်းတည်မြို့နယ် မြို့မဈေးအတွင်း စက်တင်ဘာလနောက်ဆုံးအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် သား/ ငါးဈေးနှုန်းများမှာ ကြက်သွန်နီအလတ်တစ်ပိဿာ (၁၈၀၀)ကျပ်၊ ကြက်သွန်နီထိပ်စ တစ်ပိဿာ (၂၄၀၀)ကျပ်၊ ကြက်သွန်ဖြူကြူကုတ် တစ်ပိဿာ (၂၄၀၀၀)ကျပ်၊ ရှမ်းမွှာတစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူဥတစ်လုံးတစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ (၅၀၀၀)ကျပ်နှင့် အမဲသားတစ်ပိဿာ (၂၃၀၀၀)ကျပ်၊ ကြက်သား cpတစ်ပိဿာ(၂၀၀၀၀)ကျပ်၊ ဗမာ ကြက်တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စက်တင်ဘာလမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင်၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၇၃၅၁၄) စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာနများမှ သိရပါသည်။
