ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

            ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ခြံဝန်း ကျယ်များတွင် အောင်မြင်ဖြစ်ထွန်းစွာ ပေါက်ရောက်လျက်ရှိသော ၊ သက်ရင့်မန်ကျဉ်းသီးပင်ကြီး များစွာ ရှိကြပါသည်။ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်၍ မန်ကျဉ်းသီးမှည့်များစ တင်ပေါ်ပေါက် လာပြီးဖြစ်၍ ၊ ခြံသမားနှင့် မန်ကျဉ်းသီးမှည့် ကောက်ယူပွဲစားတို့ကြား မန်ကျဉ်းသီး ဈေးကွက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

27 Jan 2025

          Toshiba (Thailand) Co Ltd သည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ရောင်းအား ၂၅ ရာခိုင်နှုန်း မြင့်တက်ပြီး ထုတ်ကုန်အမျိုးအစားသစ် ၅၀ ကျော်ကို မိတ်ဆက်ရန် စီစဉ်နေကြောင်း သိရပါသည်။ ကုမ္ပဏီ၏ ဒုတိယမန်နေးဂျင်းဒါရိုက်တာဖြစ်သူ Alex Ma က ၂၀၂၄ ခုနှစ်တွင် ထိုင်း နိုင်ငံ၏လျှပ်စစ်ပစ္စည်းဈေးကွက်သည် ဘတ် ၈၃ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ရောင်းချရသည့်ပမာဏ မှာအလုံးရေ ၂၁ သန်း ပတ်လည်ရှိခဲ့ကာ  ၂၀၂၃ ခုနှစ်ကထက် ၉ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်း

27 Jan 2025

          အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီးဌာနက ဟာလာထုတ်ကုန် များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမည့်ဧရိယာ ၃ ခုအား ၂၀၂၅-၂၀၂၉ နိုင်ငံတော် အလယ်အလတ်ကာလဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (RPJMN) တွင် ဖော်ပြချက်အရ သိရပါသည်။ ထိုဧရိယာများတွင် ဟာလာထုတ်ကုန်နှင့်ပတ်သတ်၍ နားလည်သဘောပေါက်ခြင်း၊ ဝန်ဆောင်မှု အရည်အသွေးတိုးတက်ခြင်းနှင့် ဟာလာထုတ်ကုန်အာမခံချက်တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိ

27 Jan 2025

          အင်ဒိုနီးရှားသမ္မတ Prabowo Subianto က အစားအစာဖူလုံရေးတွန်းအားပေး ဆောင်ရွက်မှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်း၏အစိုးရသည် ၂၀၂၅ ခုနှစ်ကုန်တွင် ဆန်၊ ပြောင်း နှင့် ဆားတို့ကို တင်သွင်းရန်မလိုအပ်တော့ဟု အာမခံကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ပြောကြားခဲ့ပါသည်။ သမ္မတက အထက်လွှတ်တော်သို့ သတ်မှတ်ပေးထားသည့် အင်ဒိုနီးရှား၏ ကိုယ်တိုင်အစားအစာဖူလုံရေးသည် လေးနှစ်အတွင်းဖြစ်ကြောင်း သိရပါသည်။ သို့သော် ထိုရည်မှန်းချက်ကို ၂၀၂၅ ခုနှစ်ကုန်တွင်ပြည့်မြောက်နိုင်သည့်အတွက် ရည်မှန်းချက

27 Jan 2025

          ဗြိတိန်စွမ်းအင်ကုမ္ပဏီဖြစ်သည့် EnQuest သည် နိုင်ငံတကာသို့တိုးချဲ့ရန် ၎င်းတို့၏ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်ရှိ Habour Energy ၏ လုပ်ငန်းရှယ်ယာများအား ဝယ်ယူခဲ့ကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့ကကြေညာခဲ့ပါသည်။ အရောင်းအဝယ်စာချုပ်သည် အမေရိကန်ဒေါ်လာ ၈၄ သန်း တန်ကြေးရှိပြီး ထိုဝယ်ယူမှုသည် EnQuest အတွက် မလေးရှားရှိတည်ရှိပြီးဈေးကွက်အပြင် ၎င်းတို့၏ အရှေ့တောင်အာရှဈေးကွက်ကို ထပ်မံတိုးချဲ့ ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသဘ

Pages