ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ အတွင်း ရေးမှူး Samheng Bora၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Kim Sreyroth နှင့် MIRARTH Holdings ၏ CEO Kazuichi Shimada နှင့် တိုကျိုမြို့ရှိ MIRARTH Holdings ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးမှုများတွင် ကမ္ဘောဒီးယား သီဟိုဠ်စေ့ ထွက်ကုန်များ ဂျပန်ဈေးကွက်သို့ မြှင့်တင်နိုင်ရေးကို အဓိကထားဆွေးနွေးခဲ့ကြပြီး MIRARTH Holdings က ၎င်းတို့၏ရည်ရွယ်ချက်မှာ ဂျပန်
ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် အောင်မြင်မှုများရရှိခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်တွင် စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်ရဖွယ်ရှိကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က ကျွမ်းကျင်သူ များ၏ဖော်ပြချက်အရသိရသည်။ အထူးသဖြင့်ဝယ်လိုအားအားနည်းလာပြီး တင်ပို့ လျှက်ရှိသောနိုင်ငံများအကြား ပြိုင်ဆိုင်မှုပြင်းထန်လာသောကြောင့် ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့ မှုသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏနှင့်ဈေးနှုန်းနှစ်မျိုးစလုံး ကျဆင်းနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းထားကြခြင်းဖြစ်သည်။ ရိတ်သိမ်းရ
တရုတ်နိုင်ငံ၏ တစ်ပတ်ရစ်ကားများတင်ပို့မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး အာရှအလယ်ပိုင်းသည် တင်ပို့မှုအတွက်အဓိကစျေးကွက်တစ်ခုဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းကာဇက်စတန်နှင့် ဆက်သွယ်ထားသော ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်း ဖြစ်သည့် Khogoros Gateway သည် တင်ပို့မှုအတွက် အဓိကအချက်အချာ ဖြစ်လာကြောင်း ရှန်ဟိုင်း အခြေစိုက် တရုတ်အစိုးရမီဒီယာ Yicai Global ၏ဖော်ပြချက်အရသိရသည်။ အစပိုင်းတွင် ကုန်ပစ္စည်းများနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ အစိတ်အပိုင်းများကိုသာ အာရုံစိုက် တင်ပိုခဲ့ပ
ဇမ်ဘီယာနိုင်ငံ၏ ကြေးနီထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယဉ်ပါက ၂၀၂၄ ခုနှစ်တွင် တိုးလာကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက ဇန်နဝါရီ ၂၃ ရက်နေ့ကပြောကြား ခဲ့သည်။
မိုင်းတွင်းနှင့်ဓာတ်သတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Paul Kabuswe မှ ဇမ်ဘီယာနိုင်ငံ သည် ၂၀၂၃ ခုနှစ်က ကြေးနီမတ်ထရစ်တန်ချိန် ၇၃၂၅၈၃ ထုတ်လုပ်ခဲ့ပြီးပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် မတ်ထရစ်တန်ချိန်၈၂၀၆၇၆ ထုတ်လုပ်နိုင်ခဲ့ကြောင်း နှိုင်းယှဥ်ပြောကြားချက်အရသိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒါကိုတာပြည်နယ်မှ ငှက်များနှင့်ကြက်ထွက်ကုန်ပစ္စည်းများအား ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၅၊ ဇန်နဝါရီ၊ ၂၂ရက်စွဲပါ စာချွန်လွှာတွင် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel မှ ဒါကိုတာပြည် နယ်၏ မွေးမြူရေးငှက်များနှင့်ငှက်ရိုင်းများ၊ ကြက်သားများ၊ ရက်သားအရွယ်ကြက်ပေါက်များ၊ ဥများ နှင့် ဖန်ပြွန်သန္ဓေသားအတွက်သုတ်မ