ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jan 2025

              ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲ သီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြပြီး  (၇၃၅၃၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ အင်္ဂပူမြို့ နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၇ သိန်းခွဲကျပ်ခန့်ရှိပြီး လယ်မြေ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၅ တင်းခန့်ရှိပါသည်။ နုန်းတင်မြေနုနေရာများတွင်  စိုက်ပျိုးသောမတ်ပဲများမှာ ပိုမိုအထွက်နှုန်းများကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ယခုအခါ မတ်ပဲအသစ

28 Jan 2025

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ၍  ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများ အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

28 Jan 2025

           ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၁၇၅၁၂)ဧက စိုက်ပျိုးပြီး၊သီးထပ်အဖြစ် မတ်ပဲ၊ပဲအမျိုးမျိုး၊အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြ ပါသည်။ ၂၀၂၄  ခုနှစ်တွင် မြန်အောင်ခရိုင်၌ နွေစပါးစိုက်ဧက(၃၇၃၄၄)ဧက စိုက်ပျိုးပြီး၊ အင်္ဂပူမြို့နယ်တွင် (၂၆၂၀၃)ဧက စိုက်ပျိုးပါသည်။ အင်္ဂပူမြို့နယ်တွင် နွေစပါးကို ထိုင်းရက်(၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်းသိရသည်။

28 Jan 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၂၂.၁.၂၀၂၅) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ “ဝင်း”  မိသားစု သင်ဖြူးဖျာရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး သင်ဖြူးဖျာ ယက်လုပ်ပုံအဆင့်ဆင့်နှင့် တင်ပို့ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါသည်။

28 Jan 2025

             ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် တောင်သူများသည် လယ် ယာမြေများအပြင် ကိုင်းမြေများတွင်လည်း  ပဲသီးနှံကို စိုက်ပျိုးကြပါသည်။ ဇလွန်မြို့နယ်အနေ ဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲလွမ်းနီ စိုက်ဧက (၄၄၆၇)ဧက စိုက်ပျိုးပြီး မြေနုကျွန်းများ မြစ်ရေကျချိန် ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုး၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် စတင်အသီးဆွတ်ခူးနိုင်ပြီဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းအောင်သည် (၁၉.၁.၂၀၂၅ ) နေ့တွင် ဇလွန်မြို့နယ်

Pages