ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ရှိ ညောင်ပင်ဈေးအပါအဝင် မြို့မဈေး၊ ကရင်မဈေး၊ ဘုရင့်နောင်ဈေး ၊ ဘုရားဈေး စသည့်ဈေးများတွင် သပြေညွန့် နှင့် သပြေငုတ်များ ရောင်းချလျက်ရှိရာ ယခုအခါ ဈေးနှုန်းများ မြှင့်တက်လျှက်ရှိနေသည်။

ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ် (ထန်းပင်မြစ်) ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍ လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများ ဖြစ်သောမှော်ဇာ၊ ပုတီးကုန်း၊ ပေါင်းတလည်ကျေးရွာများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုး ကြပြီး ပြည်မြို့ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။အဆိုပါထန်းမြစ်စိုက်ပျိုးရန်အတွ

ဗီယက်နမ် ST25 ဆန်သည် The Rice Trader အဖွဲ့အစည်းက နှစ်စဉ်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆန်ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် တတိယအကြိမ် အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

ကျွဲကော်ပင်များအား ပြည်မြို့နှင့် ဒေသတစ်ဝိုက် ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ယခုအချိန် ဈေးကွက် အတွင်း ရောင်းချနေကြသော ကျွဲကော်သီးများမှာ ဝါဆိုသီးများဖြစ်ပါသည်။ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလ များတွင် လှိုင်လှိုင်ထွက်ရှိကြပါသည်။ ဒေသထွက် ကျွဲကော်သီးများကို ဒေသတွင်း သစ်သီးဒိုင်များမှ တစ်ဆင့် ရန်

ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်လျက် ထိုင်းနှင့် စင်ကာပူ နှစ်နိုင်ငံ အစိုးရများအကြား ဆန်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ (Memorandum of Cooperation ̶ MOC) ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီချက်အား ထိုင်းနိုင်ငံဘက်မှ

