ကုန်သွယ်မှုသတင်းများ
ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ဒေသထွက်ကုန်စိမ်းသီးနှံများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ ကင်းပုံသီးမှာ အချိုမျိုးနှင့် အခါးမျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်း သိရပါတယ်။ ကင်းပုံသီးအခါးသီးမှာ ဆေးဖက်ဝင်ကြောင်း ပြီး၊ (၁၂)လ ရာသီနီးပါးထွက်ရှိသည့်အစား အစာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၅ခုနှစ် မေလပထမပတ်အတွင်း ကုန်စိမ်းစျေးကွက်တွင် ကင်းပုံသီးအချိုသီး (၂၅) လုံးလျှင် ၂၀၀၀က

မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှ ပဲပုတ်များ ဝင်ရောက်ကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲပုတ်မှာ ပြည်တွင်း စားသုံးမှုများ ပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အနေဖြင့် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ် အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တ

မန္တလေးပဲမျိုးစုံစျေးကွက်သို့ ဝင်ရောက်လျက်ရှိသည့် ပဲယဉ်းသီးနှံမှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက် သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့် ပဲယဉ်းသီးနှံများ ဝင

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ငှက်သိုက်ထွက်ရှိပြီး ရန်ကုန်နှင့် အခြားတိုင်း/ ပြည်နယ်များသို့ရောင်းချလျက်ရှိသည်။ ကျန်းမာရေးဖြည့်စွတ်စာဖြစ်သလို အင်အားတိုးစေခြင်း၊ အသားအရေကို နုပျိုစေခြင်းစသော ကောင်းကျိုးများစွာရှိသော သဘာဝထွက်ကုန်တစ်ခုဖြစ်သည်။ ကျန်းမာရေးအတွက်အကျိုးများသောကြောင့် အခြားတိုင်းဒေသများသို့တင်ပို့ရာတွင် သန့်စင်ပြီးငှက်သိုက်အချော၊ အကြမ်း၊ ပေါင်းရည်စသဖြင့် အမျိုးအမျိုးတင်ပို့ရောင်းချလျက်ရှိပါသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ကြက်ဥမွေးမြူလုပ်ကိုင်ကြ သော်လည်းဒေသတွင်းလုံလောက်မှုမရှိခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးတိုင်းတို့မှ မှာယူလျက် ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဧပြီလအတွင်း ကားလမ်းများပိတ်ခြင်းနှင့် လမ်းခရီးအခက်အခဲများ ကြောင့်ကြက်ဥစျေးနှုန်း အနည်းငယ်မြှင့်တက်လာကြောင်း သိရှိရပါသည်။ ယခင်မြိတ်မြို့တွင် အကြီးဆုံးကြက်ဥထုတ်လုပ်သည့် ထူးထူးတိုးကုမ္ပဏီသည် ကြက်စာစျေးနှုန်းကြီးမှုများနှင့် အခြား သောစရိတ်စကကြီးမြှင့်မှုတို့ကြောင့် လုပ်ငန်းရပ်နားထားကြောင်းသိရှိရပါသည်။
