ကုန်သွယ်မှုသတင်းများ
မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ (1၇)ရက်နေ့အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချ နေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီ(ထုပ်) ကျပ် 150၀ မှ 20၀၀၊ ဂေါ်ရခါးသီး (လုံး)ကျပ် 50၀ မှ 600၊ ခရမ်းချဉ်သီး (ပိဿာ) ကျပ် 40၀၀ မှ 50၀၀၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် 15၀၀ မှ 20၀၀၊ ခရမ်းသီး(ပိဿာ) ကျပ် 250၀ မှ
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ(1၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအတွင်း ကျောက်ဖရုံ သီးကို အိမ်ခြံဝန်းနှင့် မြေလွတ်နေရာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး မိသားစု ဝင်ငွေ များရရှိလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပန်းစိုက်တောင်သူများသည် မေမြို့ပန်း အမျိုးအစားများစွာကို ရာသီမရွေးစိုက်ပျိုးကြသည့်အနက် ယခုဒီဇင်ဘာလအတွင်း မေမြို့ပန်း အမျိုးအစားဖြစ်သော နှစ်ထပ်ဒေလီယာပန်းသည် ဝယ်လိုအားများသောကြောင့် ဈေးကောင်းရရှိလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး အောင်လံမြို့ အောင်လံကုန်စည်ဒိုင်တွင် ဒေသထွက်သီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ဘိုကိတ်ပြာ၊ မြေပဲသီးနှံတို့နေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပဲတီစိမ်း