ကုန်သွယ်မှုသတင်းများ
စောင်ချမ်းသီးချဉ်(သို့)ချဉ်ဖတ်သည် မြန်မာ့ရိုးရာ အချဉ်ဖောက်ထားသော အစားအစာ တစ် မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသည်။ အချဉ်ဖောက်ထားသော အစားအစာ ဖြစ်သည့်အတွက် အကျိုးပြုဘက်တီးရီးယာ(Probiotics)များသည် ကိုယ်ခံအားစနစ်ကို အားကောင်း စေပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်ရာတွင် အထောက်အကူဖြစ်စေကြောင်း၊ အူမကြီးကျန်းမာ ရေးကို မြှင့်တင်ပေးခြင်း၊ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ အတွက် အထောက်အကူပြုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ဆန်တန်ချိန် ၂၈၂၃၁၅ တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၉ သန်း ရရှိခဲ့သည်ဟု ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) က မေလ ၅ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှု သိသာစွာကျဆင်းခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုသို့ ဆန်တိုးမြှင့်ရောင်းချလျက်ရှိနေခြင်းကြောင့် ယခုနှစ်တွင် ဆန်ပို့ကုန် လျာထားချက် တန်ချိန် ၇.၅ သန်းကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းထားကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၆ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

မြန်မာ့လက်မှုပညာ ဂျုံရိုးထန်းဖူးစပ်ဦးထုပ်သည် သဘာဝပစ္စည်းဖြစ်သော ဂျုံရိုးနှင့်ထန်းဖူး စသည့်တို့ဖြင့် ရောနှောရက်လုပ်ထားသော ဦးထုပ်တစ်မျိုးဖြစ်ပြီး၊ အဓိကအားဖြင့် နေပူဒဏ်၊ မိုးဒဏ်မှကာကွယ်ရန် အသုံးပြုကြသည်။ ယခုလိုပူပြင်းသော နွေရာသီကာလတွင် နေရောင်၌ အလုပ်လုပ်ရသူများအတွက်ဦးခေါင်းနှင့် မျက်နှာကိုနေလောင်ဒဏ်မှကာကွယ်ရန်နှင့် အပူကြောင့် ခေါင်းကိုက်ခြင်း ကိုသက်သာစေရန် ဂျုံရိုးဦးထုပ်များကိုအသုံးပြုသင့်ပေသည်။ မြင်းခြံမြို့နယ်တွင် ရောင်းချနေသော လက်လီဈေး ဂျုံရိုးထန်းဖူးစပ်ဦးထုပ် တ

၂၀၂၅ ခုနှစ် မေလတွင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်အရန်ဆန် သိုလှောင်မှု လက်ကျန် စုစုပေါင်းသည် ၃၅၁၇၂၉၄ တန်ရှိခဲ့ပြီး အဆိုပါပမာဏသည် လွန်ခဲ့သော ၅၇နှစ်ကျော်အတွင်း အမြင့်ဆုံး စံချိန်တင်ပမာဏ ဖြစ်ကြောင်းနှင့် အဆိုပါဆန်စပါးများအားလုံးကို ဒေသခံလယ်သမားများထံမှ စုဆောင်းရရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ၏ ပြောကြားချက်အရ သိရှိရသည်။