ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 May 2025

            မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

13 May 2025

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မင်းလှမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရောင်းချကြသည့်အပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်း ကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချကြကြောင်း သိရသည်။

13 May 2025

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာ၌ တောင်သူ(၆)ဦးမှ ပြောင်းစီးစိုက်ဧက(၅)ဧကခန့်အား ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)မှ စတင်၍စိုက်ပျိုး နေပြီဖြစ်ကြောင်း သိရသည်။

13 May 2025

       ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွက် ရရှိသော ဆီပေပါခွဲတမ်းများကို ဧပြီလ တစ်လအတွင်း စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနများမှ ကြပ်မတ်စိစစ် ဆောင်ရွက်ပေးလျှက်ရှိသည်။

13 May 2025

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး  ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆုးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိတ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ် စီးထွက်ကြောင်း  သိရသည်။

Pages