ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 May 2025

     နဂါးမောက်သီးသည် ကျန်းမာရေးနှင့် ညီညွတ်၍ အရသာချိုချို ချဉ်ချဉ်လေး နှင့်အလွန် စားကောင်းပါသည်။ အမျှင်ဓာတ်ကြွယ်ဝ‌သောကြောင့် အစာခြေစနစ်ကို များစွာအထောက်အကူ ပြုစေပြီး ဝမ်းမှန်စေပါသည်။ ကိုလက်စထရောပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါသည်။

13 May 2025

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ(၂၉)ရက်နေ့မှ မေလ (၆) ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် 12

13 May 2025

     တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များ၌  ပေါ်သော ရာသီစာ ဒန့်သလွန် သီးများ ပေါ်နေပြီဖြစ်ပါသည်။ ဒန့်သလွန်ပင်ကို အိမ်ခြံဝိုင်းများအတွင်း၌ စိုက်ပျိုးကြပါသည်။ ဒန့်သလွန် ပင်မှာ မြေကြီးပျော့သောနေရာတွင်စိုက်ပျိုးပါက မိုးများသောကာလတွင် အမြစ်မှ လဲသွား တတ်ပါသည်။ ထို့ကြောင့် ကုန်းမာသောနေရာများတွင် အများအားဖြင့် ဒန့်သလွန်ပင်အား စိုက်ပျိုး ကြပါသည်။

13 May 2025

     ယခုအချိန်အခါ ပူပြင်းလှသောနွေရာသီတန်ခူးလတွင် ဒိုက်ဦးမြို့စျေးကွက်၌ ပြောင်းဖူးများ ဝင်ရောက်မှု များပြားလာကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကို ရေသွင်း၍ စိုက်ပျိုးလျက် ရှိကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကိုဒိုက်ဦးမြို့ အရှေ့ဘက်ရှိ မလေးစုကျေးရွာ၊ ရွာဝိုင်းကြီး ကျေးရွာ၊  အိမ်ခြေလေးဆယ်ကျေးရွာတို့မှ စိုက်ပျိုးလျက်ရှိပြီး ဒိုက်ဦးစျေးကွက်အတွင်း ဝင်ရောက် လျက်ရှိကြောင်း သိရသည်။ ဒိုက်ဦးမြို့နယ်ရှိစျေးအတွင်းမှ ပြောင်းဖူးစျေးကွက်စျေးနှုန်းများမှာ ပြောင်းဖူးအကြီးတစ်ဖူး လျှင်(၅၀၀)

13 May 2025

     မလေးရှားနိုင်ငံ၊ စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီးဌာန (KPK) သည် ကုန်စည်ကဏ္ဍ အထူးသဖြင့် စားအုန်းဆီ၏ အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်သည့်အတွက် အမေရိကန်နိုင်ငံ၏ တရားဝင်အကောက်ခွန်စည်းကြပ်မှုနှင့်ပတ်သက်သည့် ညှိနှိုင်းမှုများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း The Sun  သတင်းဌာနက ၂-၅-၂၀၂၅ ရက်နေ့တွင် ဖော်ပြထားပါသည်။

Pages