ကုန်သွယ်မှုသတင်းများ
၂၀၂၅ခုနှစ်၊ မေလ ပထမအပတ်တွင် ကရင်ပြည်နယ်ဒေသထွက် သကြားပြောင်းဖူးများ အရောင်းအဝယ်သွက်လျက် ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံ သကြားပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွား ဖြစ်လည်းစိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မီးဖုတ်၍လည်းစားသုံး နိုင်သလို ကြက်ဥဖြင့်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။

ထိုင်းနိုင်ငံသည် အမေရိကန်ထံမှ Liquefied natural gas(LNG) ကို လက်ရှိစာချုပ်ဖြစ်သည့် နှစ်စဉ်တန်ချိန် ၁ သန်းမှ တန်ချိန် ၂.၂ သန်းထိ တိုးမြှင့်ဝယ်ယူမည်ဟု ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira ၏ အဆိုအရသိရပါသည်။ ထိုဝယ်ယူမှုသည် အမေရိကန်ကချမှတ်ထားသော အကောက်ခွန် ၃၆ ရာခိုင်နှုန်းကို လျှော့ကျရန်မျှော်လင့်ချက်ဖြင့် ၎င်းတို့၏ အမေရိကန်ထံမှ ကုန်သွယ်ရေးပိုငွေရရှိမှုကို လျှော့ချရန် အစိုးရ၏ များစွာသောစီမံချက်များထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ အမျိုးသားရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီဖြစ်သည့် PTT သည် ၂၀၂၆ ခုနှ

သီရိလင်္ကာသမ္မတ Anura Kumara Dissanayaka သည် သီရိလင်္ကာနိုင်ငံတွင် Vingroup ၏ ဘက်ပေါင်းစုံရင်းနှီးမြှုပ်နှံမှု အထူးသဖြင့် အိမ်ရာမြေနှင့် ခရီးသွားကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုအလား အလာအပေါ် ချီးမွမ်းပြောကြားခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့်အလည် အပတ်ခရီးရောက်ရှိနေသည့် သမ္မတ Dissanayaka သည် ၎င်း၏ Vingroup ရုံးချုပ်သို့ မေလ ၄ ရက် နေ့က အလည်အပတ်ခရီးစဉ်အတွင်း group ၏ ကျွမ်းကျင်မှု၊ ကျော်ကြားမှုနှင့် အောင်မြင်မှုအပေါ် အလွန်အထင်ကြီးကြောင်း ဖော်ပြခဲ့ပြီး ဗီယက်နမ်၏စီ

ဂျပန်လက်လီအရောင်းဆိုင်လုပ်ငန်းများဖြစ်သည့် Aeon နှင့် Sumitomo တို့သည် ဗီယက်နမ် ရှိ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအား တိုးချဲ့ရန် စီစဉ်နေကြောင်း Nikkei Asia ၏ မေလ ၅ ရက် နေ့က ဖော်ပြခဲ့ပါသည်။ ဂျပန်၏အကြီးမားဆုံး လက်လီအရောင်းဆိုင် လုပ်ငန်းဖြစ်သည့် Aeon သည် ဟိုက်ပါမားကတ်အရေအတွက်နှင့် အထွေထွေကုန်စုံစတိုးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အရည် အတွက် ၁၂ ခုမှ ၂၀၃၀ ခုနှစ်တွင် ၁၀၀ ထိ တိုးချဲ့မည်ဟု သိရပါသည်။ ဗီယက်နမ်တွင် စူပါမားကတ် ဖွင့်လှစ်ထားခြင်းမရှိသည့် အခြားဂျပန် လုပ်ငန်းဖြစ်သည့် Sumitomo သ

၂၀၂၅ ခုနှစ်၏ ပထမ ၄ လတွင် ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တော-ရေလုပ်ငန်း ကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၅.၁၈ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၄.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဗီယက်နမ်စိုက်ပျိုး မွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန(MoAE) က မေလ ၅ ရက်နေ့က ကြေညာခဲ့ ပါသည်။ ထိုကာလအတွင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၁၅ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၅.၉၇ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဦးစီးဌ
