ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 May 2025

    ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ခရမ်းချဉ်သီးနှံကို အင်းသီးနှင့် ရှမ်းသီးဟူ၍ မိုးရာသီနှင့် ‌ဆောင်းရာသီအတွင်းအဓိကထားစိုက်ပျိုးကြပါသည်။ဧပြီလ တတိယပတ်နှင့် စတုတ္ထပတ်တွင် ခရမ်းချဉ်သီးနှံမှာ တစ်ပိဿာလျှင် (၈၀၀-၁၃၀၀)ကျပ်ဖြင့် ထုတ်လုပ်မှုမြင့်မားမှုနှင့် သယ်ယူ ပို့ဆောင်မှု  အခက်အခဲများကြောင့် ဈေးနှုန်းလျော့နည်းခဲ့ပါသည်။မေလ(ပထမပတ်)ယခုကာလတွင် တစ်ပိဿာလျှင် (၁၂၀၀-၁၇၀၀)ကျပ်ဈေးဖြင့် စိုက်ပျိုးမှုလျော့နည်းလာမှုကြောင့် ဈေးမြင့်တက်လာပြီး လက်ကားရောင်းဝယ်မှုနှင့် လက်လီရောင်းဝယ်သည့် နေရာဒေသစုံ

13 May 2025

     ကန်စွန်းရွက်ဟုဆိုရာတွင် လူအများသိရှိပြီးသားအရွက်ဖြစ်ပါသည်။ ကန်စွန်းရွက်ကို မိသားစုတစ်ပိုင်တစ်နိုင်စားသုံးရန်နှင့် ရပ်ကွက်စျေးများသို့ရောင်းချရန် စိုက်ပျိုးကြပါသည်။ ကန်စွန်း ရွက်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်အပြင် အဆိပ်အတောက်များကိုပြေစေနိုင်ပြီး ကျန်းမာရေးနှင့်လည်းညီညွတ်ပါသည်။ ကန်စွန်းရွက်ကို ကြော်စားခြင်း၊ ချဉ်ဟင်းချက်စားရာတွင် ထည့်ချက်ခြင်း၊ သုပ်စားခြင်း၊ တို့စရာအဖြစ်စားသုံးခြင်းဖြင့် အမျိုးမျိုးပြုလုပ်၍ စားသောက် နိုင်ကြပါသည်။ မတ်လဆန်းပိုင်းစျေးကွက်တွင် ရောင်းချသေ

13 May 2025

   ဗီတာမင်ဘီ (B) နှင့် စီ (C) အုပ်စု ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား မြင့်တက် စေနိုင်ပါသည်။ အမျှင်ဓာတ်များ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းစွာ အထောက်အကူပြု ပေးပါသည်။ မြန်မာ့ဆေးကျမ်း ဖြစ်သောဓာတု ရသကျမ်းတွင် ပဲစင်းငုံကြီးသည် သလိပ်၊ သဲခြေနာကို ကျေဖျက် နိုင်သောကြောင့် ဆေးအဖြစ် စားသုံးပေး နိုင်ပါသည်။ လည်ချောင်းနာခြင်းနှင့်ဝမ်းသွားခြင်းများ အတွက် လည်းအသုံးပြုကြပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပဲစင်းငုံ၏အရွက်ဖြင့် ဝမ်းလျောရောဂါ၊ ချောင်းဆိုးရောဂါ နှင့် ရင်ခေါင်းပိုင်း နာကျင်ခြင်းတိ

13 May 2025

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မေလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသ ကြီးနှင့် အခြားခရိုင် မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၂၀) အိတ်ခန့်၊ စုစုပေါင်း(၄၉၂၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၄) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့် နှိုင်းယှဉ်ပါက ပို၍ စီးထွက်ခဲ့ပါသည်။

13 May 2025

          မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ရွာတော်၊ မယ်ဇလီတော စသည့်ကျေးရွာများမှထွက်ရှိသည့် ဖူးစားပြောင်း (သကြားနှင့် ပြောင်းစီး)များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Pages