ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာသီးသန့် အကျယ်အဝန်းအများကြီး မလိုတာကြောင့် အိမ်ခြံဝန်းအတွင်း စားသုံးသီးပင်အဖြစ် ဒန့်ဒလွန်ကို စိုက်ပျိုးကြသည်။ ဒန့်ဒလွန်စိုက်ပျိုးရာတွင် ကိုင်းဖြတ်စိုက်ခြင်းနဲ့ အစေ့ကိုတိုက်ရိုက်စိုက်ခြင်းဆိုပြီး (၂)မျိုးရှိကြောင်း၊ ဒန့်ဒလွန်ကို မိုးဦးကျချိန် ဇွန်လတွင် စိုက်ပျိုးလျှင် အကောင်းဆုံးဖြစ်ကြောင်း ၊ ဒန့်ဒလွန်တစ်ပင်သည် အရွယ်ရောက်လာပါက စိုက်ပျိုးနည်းစနစ်ပေါ်မူတည်ပြီး အသီးတောင့်ရေ (၂၀၀)ခန့်သီးကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက်ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်နေပြည်သူများ သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း၊ နေအိမ်ခြံဝင်းအတွင်း မြေကွက်လပ်များတွင် ဂန္ဓမာပန်းများအပြင် အခြားသီးပင်စားပင် များကိုလည်း စိုက်ပျိုးထားကြောင်း ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူ ဒေါ်မိုးမိုးထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းသီပင်ကို စတင်စိုက်ပျိုး မည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင်စိုက်ပျိုးရကြောင်း၊ ခရမ်းမျိုးမှာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုး ထောပတ်ခရမ်းတို့ကို စိုက်ပျိုးထားကြောင်း၊ ခရမ်းသီးပင် သည်စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရကြောင်း၊ ၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း
