ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှု မှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြား ဒေသများသို့ နေ့စဉ် (စီးထွက်) လျက်ရှိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ရန်ပယ်ဆည်ရေသောက်၊ ငမင်ဆည်ရေသောက်စနစ်ဖြင့် နွေစပါးဧက(၈၀၀)ကျော်စိုက်ပျိုးရန် လျာထားသတ်မှတ်ပြီး ယခုအခါ တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကာ နွေစပါးဧကများ ပန်းတိုင်အထွက်နှုန်း ရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် စိုက်ပျိုးပြီးစီးခဲ့ပြီး ဇူလိုင်လဆန်းတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ကွမ်းရွက်ကို မိမိတို့ ဥယျာဉ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းရွက်ကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး စိုက်ပျိုးသော ကွမ်းရွက်အမျိုးအစားများမှာ မိုးစိုက်သည် ကွမ်းရွက်တွင် ဒေါင်းဝင်ခြင်း၊ အရွက်ပုတ်ခြင်း ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်သာမက မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းကို ယခင်က တောတောင်များ၌ သာ တွေ့ရလေ့ရှိပြီး ယခုအခါ သပြေပန်းပင်များကို မိမိတို့ခြံဝင်းများတွင် ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း သိရသည်။