ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 May 2022

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် တာဝန်ခံ  ဦးကျော်စိုးသည် မေလ၊ (၁၀)ရက်၊ နံနက်(၉:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် ရှားတော ကျေးရွာ(နွေ)ခရမ်းစိုက် တောင်သူ ဦးမြင့်စိုးနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။

13 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁.၅.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်ရှိ “ ဝင်း” မုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

13 May 2022

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း မေလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် မိုးနှမ်းများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

13 May 2022

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ မိတ္ထီလာမြို့နယ်မှ စိန်တလုံးသရက်သီးများ သင်္ကြန်ကာလပြီးနောက်ပိုင်း စတင်ဝင်ရောက်လာခဲ့ပြီး ယခုမေလတွင် အများဆုံးဝင်ရောက်ကာ တစ်ရက်လျှင် ခြင်းပေါင်း (၁၂၀) မှ (၁၅၀)ထိ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ သရက်သီးတစ်ခြင်းလျှင် ပိဿာ (၃၀)ခန့်ရှိပြီး မိတ္ထီလာမြို့မှ ကျိုင်းတုံမြို့သို့ သရက်သီး (၁)ခြင်း သယ်ယူပို့ဆောင်ခ ကျပ် (၁) သောင်းကျော်ခန့်ရှိပါသည်။ သရက်သီး (၁)ခြင်းတွင် အလုံးရေအလိုက် ပျမ်းမျှ (၁၂၀)လုံးမှ (၁၈၀)လုံးခန့် ပါဝင်ပြီး အသီးအရ

13 May 2022

၁။      အိန္ဒိယနိုင်ငံ၌ မလိုလားအပ်သော စွက်ဖက်အရေးယူမှုများကို ဖယ်ရှားခြင်းဖြင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူမှုရှိစေရန်အတွက် ၂၀၀၉ ခုနှစ်တွင်ပြဌာန်းခဲ့သော တိကျစွာ တိုင်းတာမှု အက်ဥပဒေပါ ရာဇဝတ်ကြောင်းအရ အရေးယူရန် ပြဌာန်းချက်များအား ဖြေလျော့ နိုင်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက ၉-၅-၂၀၂၂ နေ့တွင် စီစဉ်ကျင်းပရာ တိကျစွာတိုင်းတာမ

Pages