ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Jan 2022

         လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်နှင့် အင်ဒိုချိန်းနား ဟူ၍ မျိုး(၄)မျိုး ရှိရာ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကထားစိုက်ပျိုးကြပါသည်။ လက်ဖက်အဓိကစိုက်ပျိုးသောဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ရပ်စောက်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းဖြတ်၊ နမ့်စန်၊ သီပေါမြို့များတွင် အများဆုံး စိုက်ပျိုးထွက်ရှိပါသည်။ ရှမ်းပြည်နယ် တောင်ပေါ်ဒေသများရှိ တောင်စောင်းများတွင် မိရိုးဖလာ စိုက်ပျိုးနည်းစနစ်အပြင် လှေကားထစ်သ

20 Jan 2022

           ရှမ်းပြည်နယ် (တောင်ပိုင်း)မှ နှင်းဆီပန်းများကို တောင်ကြီးမြို့နယ် ရွှေညောင်၊ တောင်လေးလုံး၊ ပင်းတယမြို့နယ် မိုင်းအင်၊ မိုင်းလီကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး အများအားဖြင့် မိရိုးဖလာနည်းဖြင့် စိုက်ပျိုးကြကြောင်း၊ Green House အနေဖြင့်လည်း စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် အပင်ခြောက်ထောင်ခန့်ဝင်ဆံ့ကြောင်းဟု သိရှိရပါသည်။

20 Jan 2022

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် လယ်ယာမြေများတွင် သီးနှံ၊ သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ဝမ်ကောင်းကျေးရွာ၊ ကော့ခွယ်ကျေးရွာ၊ လော့ငိုးကျေးရွာ၊ နမ့်ကစ်ကျေးရွာ၊ ဝမ်တုန်ကျေးရွာ၊ ဝိန်းကျိုင်းကျေးရွာတို့တွင် မိုးရာသီကုန်ဆုံး၍ စပါးရိတ်သိမ်းပြီးထားရှိသော

20 Jan 2022

             လိမ္မော်သီးသည် အေးမြသောရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ရွာငံ၊ရပ်စောက်၊ပင်းတယနှင့် မိုင်းကိုင်မြို့နယ်များ၌ အများအပြားစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် လိမ္မော်သီး (၁၀၉၉၆)ဧကစိုက်ပျိုးပြီး (၂၁၀၇၈၀) တန် စိုက်ပျိုးထွက်ရှိပြီး၊  လိမ္မော်သီးတစ်ပင်လျှင် တစ်နှစ်အသီးထွက်ရှိမှုနှုန်းမှာ (၁၀)ပိဿာမှ (၁၂)ပိဿာခန့်အထိ ထွက်ရှိပြီး ဒေသတွင်းစားသုံးမှုဖူလုံသည့်အပြင် မြန်မာနိုင်ငံအနှံ့အပြားသို့ တောင်ကြီးမြိ

20 Jan 2022

              မြန်မာနိုင်ငံ၏ ပထဝီအနေအထား ၊ ရာသီဥတု ၊ ရေမြေတောတောင်တည်ရှိမှုများ ပေါ်မူတည်၍ ကြံစိုက်ပျိုးထွက်ရှိမှုများလည်း ကွာခြားလျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးသည် ဆန်၊ စပါး၊ ပဲမျိုးစုံအပြင် စက်မှုသီးနှံဖြစ်သော ကြံသီးနှံကိုလည်း စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ စိုက်ဧကအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခင်းသစ် (၃၂၇၃၂) ဧက ၊ လမိုင်း (၁၅၂၃၆)ဧက ၊ စုစုပေါင်း (၄၇၉၆၈)ဧက စိုက်ပျိုး၍  ပြည်ခရိုင်တွင်   ပျှမ်းမျှအထွက်နှုန်း တစ်ဧကလျှင် (၂၂) တန်ရှိသောကြောင့် ကြံတန်ချိန

Pages