ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ မေလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၇၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၂၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၆၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၁၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၁၀၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၄၁၆၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၅၃၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့၏ အနောက်ဖက်ကမ်းတွင်တည်ရှိပြီး ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရှိ နတ်ကျွန်း၊ နတ်စက်၊ ပေါင်းဝ၊ ခွန်သာ၊ သံလျှက်ကိုင်းနှင့် ဆားခါးကျေးရွာများမှာ ကိုင်းကျွန်းလယ်ယာလုပ်ငန်းများနှင့် တွဲဖက်၍ ရိုးရာသင်ဖြူးဖျာရက်လုပ်သည့်လုပ်ငန်းကို ရှေးယခင် ကတည်းက မိရိုးဖလာလုပ်ကိုင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိ ရပါသည်။ ကိုင်းကျွန်းသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ဒေသခံအမျိုးသားအများစုမှာ ချင်းတွင်းမြစ်အထက်ပိုင်း ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်းနှင့် ခန္တီးဒ
စစ်ကိုင်းတိုင်းဒေသကြီးသည် မေလ(ပထမ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်နှင့် မုံရွာခရိုင်တို့တွင် ဈေးတန့်နေပြီး၊ ကသာခရိုင်တို့တွင် အနည်းငယ် မြင့်တက်နေပါသည်။
လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များပုံမှန်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ မေလပထမပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၄၇၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၂၅၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၁၂၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဧပြီလစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုးတစ်လီတာကို (၂၄၂၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၄၆၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၂၀) ကျပ်သာရှိခဲ
လွိုင်ကော်မြို့ ဈေးကွက်အတွင်းတွင် အခြားဒေသများမှ အများဆုံးဝင်ရောက်လာသော အခြေခံစားကုန်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျှက်ရှိရာ ဧပြီလ စတုတ္တပတ်အတွင်း အခြေခံစားကုန်ဖြစ်သည့် ကြက်ဥဈေးနှုန်း မှာ အလုံးသေးတစ်လုံးလျှင် (၁၄၀)ကျပ်၊ အလုံးကြီးတစ်လုံးလျှင်(၁၅၀)ကျပ် ဖြစ်ပြီး မေလပထမပတ်တွင် ကြက်ဥဈေးအလုံးသေး တစ်လုံးလျှင်(၁၇၀)ကျပ် ၊အလုံးကြီးတစ်လုံးလျှင် (၁၈၀)ကျပ် ဈေးအထိမြှင့် တက်လျှက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်လျှင် ကြက်ဥအလုံး သေးတစ်လ