ကုန်သွယ်မှုသတင်းများ

Powered by Drupal
02 May 2022

မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၃.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၉.၄.၂၀၂၂) ရက်နေ့ အတွင်း နှမ်းနက်(စမုံ)၊ နှမ်းနီ၊ နှမ်းနက်(ရိုးရိုး)၊ နှမ်းညိုကြား၊ ဂျပန်(နှမ်းဖြူ)နှင့် ပဲလွန်းဝါ၊ ပဲကြီးမဲ၊ ပဲကြီးဖြူ၊ ပဲထောပတ်၊ ပဲစဉ်းငုံနီတို့မှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ(မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၆၁၆၀ဝိ/-)ယခုအပတ်(၆၂၀၀တိ/-) (၄၀ဝိ/-) ဈေးမြင့်၊ ပဲမျိုးစုံ ဈေးကွက်တွင် ပဲတီစိမ်း (၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၃၃၀၀ဝိ/-) ယခုအပတ်(၄၂၀၀ဝိ/-) (၉၀၀ဝိ/-)ဈေးမြင့်၊ ပဲနောက်(၁၉)ပိဿာ(၁)တင်းလျှင် ယ

02 May 2022

          မုံရွာမြို့နယ်တွင် အပူချိန် ၄၃ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာသောကြောင့် မြေသောက်ရေအိုးများ အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။ မုံရွာမြို့နယ်၊ မြောင်မြို့နယ်မှထွက်သော သောက်ရေအိုးနှင့် စစ်ကိုင်းမြို့နယ်မှ ထွက်သော သောက်ရေအိုးများ အရောင်းအဝယ်သွက်နေပါသည်။ ယခုနှစ် နွေရာသီသည် အပူချိန်သိသိသာသာ မြင့်တက် နေသောကြောင့် သင်္ကြန်ပြီးကတည်းက သောက်ရေအိုးများ ပိုမို၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်အပြင် ကျေးရွာများကပါ ဝယ်ယူကြကြောင်း၊ အပူချိန်မြင့်မားလာ၍ ဝယ်ယူ အသုံးပြုသူ မ

02 May 2022

          ကျွန်မတို့မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့နယ်များတွင် အများအပြားစိုက်ပျိုးလျက်ရှိပါသည်။

02 May 2022

ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုပုံမှန်လည်ပတ်လျက်ရှိပြီး ဧပြီလအတွင်း အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများမှာ (၁၉၈၀)အိတ်၊ (၉၉)တန်နှင့် ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၂၈၀)အိတ် (၆၄)တန်၊ ပြောင်းတင်ပို့မှုမှာ (၃၅၇၀)အိတ် (၁၇၅) တန်ရှိပြီး ယခင် မတ်လအတွင်း ဆန်တင်သွင်းမှုမှာ(၃၃၇၈)အိတ်၊ (၁၆၉)တန်၊ ဆန်တင်ပို့မှုမှာ (၃၁၂၅)အိတ်၊ (၁၅၆)တန်၊ ပြောင်းတင်ပို့မှုမှာ(၁၇၆၅၇)အိတ်၊ (၈၆၄)တန်တို့ရှိပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှု(၁၃၉၈)အိတ်၊ (၇၀)တန်လျော့နည်းလာခြ

02 May 2022

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဧပြီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၃၅၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၂၄၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၆၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၀၈၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၄၄၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၃၇၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

Pages